THE NUG's BOND

 

"အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ်ဝယ်ကြစို့"
+++++++++++++++++++++++++++++++++
၁) ဒီကနေ့ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်) မြန်မာစံတော်ချိန် မနက် ၉ နာရီတွင် နွေဦးတော်လှန်ရေး၏ ခမ်းနားသော သမိုင်းသစ်ကို ရေးထိုးရန် အထူးငွေတိုက်စာချုပ်များကို စတင်ရောင်းချသွားမည်ဖြစ်ပါသည်။
၂) တော်လှန်ရေးအောင်စိတ်ဖြင့် ရဲဝံ့ယုံကြည်စွာ ပြတ်သားသော သန္နိဋ္ဌာန်ချမှတ်ပြီး အောက်ပါ အင်တာနက်စာမျက်နှာ (link) ကနေတဆင့် လေ့လာကြည့်ရှုဝယ်ယူကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
၃) ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များအား အထူးလုံခြုံသော
နည်းပညာဖြင့် အာမခံချက်ပေးထားပါသောကြောင့် စိုးရိမ်ကြောင့်ကြခြင်း အလျဉ်းမရှိဘဲ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါသည်။
၄) ဘဏ်ငွေလွှဲစနစ်အား အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားပြင်ဆင် ပေးထားသည့်အတွက် စိတ်ချလုံခြုံစွာ ငွေလွှဲပြောင်းပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
၅) ဝယ်ယူသူ မူလပိုင်ရှင်အပြင် ဆက်ခံသူတစ်စုံတစ်ဦးကိုလည်း အမည်/တော်စပ်ပုံ ဖြည့်သွင်းဆောင်ရွက်ခြင်းအားဖြင့် စိတ်ချလုံခြုံမှုကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၆) တစ်ဦးချင်း၊ တစ်ယောက်ချင်း စိတ်ကြိုက်ဝယ်ယူနိုင်သည့်အပြင် အစုအဖွဲ့လိုက် စုပေါင်းစပ်ပေါင်းလည်း ဝယ်ယူနိုင်ပါသည်။
၇) စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် ကိုယ်စားဝယ်ယူသူမှ မိမိ၏ အစုအဖွဲ့ဝင် တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များကို အတိအကျဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ငွေတိုက်စာချုပ်များကို အစုအဖွဲ့ဝင်တစ်ဦးချင်းစီအား သီးသန့်ထုတ်ပေးသွားမည်ဖြစ်သည်။
၈) စုပေါင်းစပ်ပေါင်း ဝယ်ယူရာတွင် အစုအဖွဲ့ဝင်တစ်ဦးချင်းစီမှ ဒေါ်လာ (၁၀၀) အနည်းဆုံး ဝယ်ယူရန်လိုအပ်မည်ဖြစ်ပါသည်။
၉) ဝယ်ယူရန် အသေးစိတ်လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် Facebook စာမျက်နှာများမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ပါသည်။
၁၀) ဖက်ဆစ်စစ်တပ်အား အမြစ်ဖြတ်နိုင်ရေးအတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ဝယ်ယူသူ/ဝယ်ယူနိုင်ရေးကူညီသူ/ဝယ်ယူရန် အားပေးတိုက်တွန်းသူ အပေါင်းအား သမိုင်းမှတ်တမ်း၊ ကမ္ဗည်းမော်ကွန်း
တင်အပ်ပါသည်။
 



 

238 Comments

  1. Replies
    1. အဆုံးထိတိုက်မယ် အဆုံးထိကူမယ်

      Delete
  2. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  3. Replies
    1. ပြည်သူဘက်မှရပ်တည်သောpdfနှင့်တိုင်းရင်းသားလက်နက်ကိုင်များဘေကင်းကြပါစေစစ်ခွေများအမြန်ကျရူံးပါစေ

      Delete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. ငါတို့မှာငါတို့ပဲရှိတယ် ဖက်ဆစ် စစ်တပ်အမြစ်ပြတ်ဖို့ PDF နဲ့ EAO တွေကိုထောက်ပံ့စို့

    ReplyDelete
  6. နှိပ်ပြီးပါဗြီ...

    ReplyDelete
  7. ဝယ်နိုင်အောင်လုပ်မှာပါ

    ReplyDelete
  8. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  9. မနက်သစ်မရောက်ခင်သာ အမှောင်ထုဟာကြာလွန်းခဲ့ နွေးထွေးခြင်းတို့နဲ့နေမင်းရဲ့အလင်းရောင်လာတော့မယ်

    #Remembrance_Of_Raymond

    ReplyDelete
  10. အောင်မြင်ပါစေ NUG

    ReplyDelete
  11. စုပြီးရအောင်ကိုဝယ်မှာပါ

    ReplyDelete
  12. “ဟိတ် ….. စာချုပ် စုဝယ်ကြမလား 🤭🥰“

    ငွေတိုက်စာချုပ်မှသည် လက်ထပ်စာချုပ် ဆီသို့ ….

    (လျှော့မတွက်နဲ့နော်။ နောက် ၂ နှစ်နေလို့ ပိုက်ဆံပြန်ရရင် ကလေးအနှီးဖိုးတွေ ဘာတွေဖြစ်နေလောက်တယ်)
    🤣🤣🤣

    ReplyDelete
    Replies
    1. အဟမ်း...အဟမ်း
      ဒါမျိုးတွေရှာနေတာ..😁😁
      ဒီအခွင့်အရေး ကို အရယူနိုင်မှပဲဖြစ်တော့မယ်

      Delete
  13. စုထားတာ ပြည့်တော့မယ် ၁၀၀တန်ပါ😁ရအောင်ဝယ်မှာပါ

    ReplyDelete
  14. အောင်မြင်ရမည်
    ဘွန်းး
    💪

    ReplyDelete
  15. ဝယ်ဖြစ်အောင်ဝယ်မှာပါ

    ReplyDelete
  16. ဖြစ်နိုင်ရင် အကုန်ဝယ်ပလုက်ချင်ပါတယ်ဗျာ

    ReplyDelete
  17. ဝယ်နိုင်သူတွေကဝယ် ကိုယ်တွေက ကလစ်ပေါ့

    ReplyDelete
    Replies
    1. အမှန်ဘဲ မဝယ်နိုင်လည်း ကလစ်မပျက်ပါဘူး

      Delete
  18. ဝယ်ကြပါစို့

    ReplyDelete
  19. ဘယ်နေ့အထိနောက်ဆုံးရောင်းတာလဲဆိုတာသိချင်ပါတယ်

    ReplyDelete
    Replies
    1. ရက်မကန့်သတ်ထားပါဘူးခင်ဗျာ။

      Delete
  20. RT တွေရော Challenge တွေရောပါထားခဲ့ဖူးတာ...တချိန်ပြန်ရမဲ့ Bond တော့ကျိန်းသေဝယ်ရမှာပေါ့….

    ReplyDelete
  21. ၁၀၀ အနည်းဆုံးဆိုတော့ တို့ကလစ်ကာ
    တစ်ယောက်စီစုရမယ်
    😜😜😜
    100mmk ပဲရှိတယ် နုကြည်ရယ် 😫😫

    ReplyDelete
  22. တတ်နိုင်သလောက်စုပေါင်းဝယ်ထားပါတယ်ခင်ဗျ

    ReplyDelete
  23. Done ❤️❤️❤️💪💪💪

    ReplyDelete
  24. အရေးတော်ပုံမုချအောင်မည်ဆိုရင်ဘာမဆိုပေးဆပ်လုပ်ဆောင်ပါမည်....

    ReplyDelete
  25. အတိုးမပေးတဲ့ ငွေတိုက် စာချုပ် (Bond) ထုတ်ရောင်းတဲ့ တော်လှန်ရေးအစိုးရသည် ကမ္ဘာမှာ မြန်မာပထမဆုံး ဖြစ်ပါတယ်။

    NUGရဲ့ ငွေတိုက်စာချုပ် Bond ဆိုသည်မှာ အစိုးရက ပြည်သူများဆီကနေ ငွေချေးခြင်း ဖြစ်ပါသည်။

    ဥပမာ။ ။ ကိုကိုသည် NUG အစိုးရဆီက ငွေတိုက်စာချုပ် သိန်း ၁၀၀၀ ဖိုး ၂၁-၁၁-၂၀၂၁ နေ့မှာ စဝယ်တယ်ဆိုပါစို့။

    ၂၂-၁၁-၂၀၂၁ နေ့တွင် NUG ကို သိန်းတစ်ထောင်ပေးရပါမည်။
    ၂ နှစ်စာချုပ်ချုပ်ပီး ၂ နှစ်ပြည့်လျင် ၂၂-၁၁-၂၀၂၃ ရက်နေ့မှာ သိန်းတစ်ထောင်လုံးကို အစိုးရက ပြန်ပေးပါမည်။ အဲဒါဆို NUG က ထုတ်ရောင်းမည့် ငွေတိုက်စာချုပ် (Bond) အကြောင်း နားလည်လောက်ပါပြီ။💵

    ( မြေပြင်မှ PDFs များကို တိုက်ရိုက်ထောက်ပံ့ကြပါစို့၊ အရေးတော်ပုံ အောင်ကို အောင်ရမည်။💪)

    ReplyDelete
    Replies
    1. အဆိုးဆုံးတွေဖြတ်ကျော်ပြီး
      အကောင်းဆုံးတွေဖြစ်လာဖို့က
      ကိုယ်တိုင်ပါဝင်မှ ရမယ်နော်

      ဟိုဘက်လည်းမပါ ဒီဘက်လည်းမပါ
      ကိုယ့်စီးပွားကိုယ် ပုံမှန်လုပ်နေတဲ့သူတွေ
      အားလုံးပါဝင်မှသာ ဒီတိုက်ပွဲက
      အထိအခိုက်နည်းနည်းနဲ့
      မြန်မြန်ပြီးမှာပါ

      ပေါ်တင်မလုပ်ဝံ့ရင်တောင်
      ကြိတ်ပြီးလုပ်ပေးကြပါ
      ဘာမှမလုပ်ပေးဘဲတော့ မနေပါနဲ့

      Delete
  26. ဖြစ်​အောင်ဝယ်ပါမယ်

    ReplyDelete
  27. ဘေးရန်ကင်းကြပါစေ

    ReplyDelete
  28. bond မဝယ်နိုင်လို့ စိတ်ဓာတ်မကျပါနဲ့..click နိုင်ပါတယ်..click လည်း bond တစ်မျိုးပါပဲ

    ReplyDelete
  29. If I can, I will buy it.
    But I am just a CDM student soi can't afford that amount .

    ReplyDelete
  30. click လဲ click bond လဲနိုင်သလောက်ပါမှာပါ

    ReplyDelete
  31. To cutting down the militant by buying the NUG bond.

    ReplyDelete
  32. NUG ငွေတိုက်စာချုပ်ဝယ်ဖြစ်အောင်ဝယ်မယ်

    ReplyDelete
  33. အရေးတော်ပုံ အောင်ရမည် ။

    ReplyDelete
  34. အဆုံးထိသွားမှာပါ
    ပြည်သူ့အား​တွေဗျာ

    ReplyDelete
  35. အသက်နဲ့ခန္ဒာတည်မြဲသ၍

    ReplyDelete
  36. လှူနိုင်သူတွေ ရှိတာ ဝမ်းသာလိုက်တာ

    ReplyDelete
  37. ဝယ်မယ် တတ်နိုင်သလောက်။

    ReplyDelete
  38. Congratulations!
    Good News!
    We support NUG!
    We trust NUG!

    ReplyDelete
  39. မင်္ဂလာလက်ဖွဲ့ကို ဒီစာချုပ်နဲ့ပေးရင်ကောင်းမလားမသိ

    ReplyDelete
  40. ဘယ်လို၀ယ်ရမလည်းလိုက်ဖတ်နေတုန်းဘဲ ကျမ နားမလည်သေးဘူးခုထိ

    ReplyDelete
  41. Bond ဝယ်ပြီးပါပြီ💪💪💪

    ReplyDelete
  42. ပြည်သူတွေညီချက်

    ReplyDelete
  43. အား‌ပေး‌နေကျပါပြီ

    ReplyDelete
  44. ဝယ်နေပါတယ်ဗျ။
    😌

    ReplyDelete
  45. အရေးတော်ပုံ အောင်ရမည်💪💪

    ReplyDelete
  46. We need Believe..💪🏻
    We must Win.🌹
    Fight For Freedom.🌹🌹🌹

    ReplyDelete
  47. c2d app ကကြော်ငြာမတက်ဘူးဖြစ်နေတယ် ၂ခါ ၃ခါပြန်ဝင်လဲမတက်😫😫

    ReplyDelete
  48. မဝယ်နိုင်ပင်မဲ့နိုင်တဲ့ဖက်ကကူနေပါတယ်

    ReplyDelete
  49. ဟုတ် ကဲ့ပါ
    ငါတို့နိုင်မှာ

    ReplyDelete
  50. ငွေတိုက်စာချုပ်ကိုလည်းဝယ်ချင်ပါတယ်။
    ဝယ်လိုက်ယင်လည်း ဒီလအတွက်ဘယ်နေရာကိုမှထောက်ပံ့နိုင်မှာမဟုတ်တော့ဘူး။
    အထူးသဖြင့်အနီးနားတွေကို။
    ဘယ်လိုလုပ်ရပါ့😫

    ReplyDelete
    Replies
    1. ဟုတယ်ဗျ ကျနော်လည်း အဲလိုတွေးနေတာ

      Delete
  51. ငါတို့နိုင်နေပြီ

    ReplyDelete
  52. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  53. နိုင်ငံရေးမှာ ကျမ မရင့်ကျက်ခဲ့ဘူးပေမယ့်
    နိုင်ငံ့အရေးမှာတော့
    တော်တော်များများ
    ကျမရင့်ကျက်ခဲ့မိပြီလို့ ထင်ပါတယ်။

    ReplyDelete
  54. စုဖွဲ့ပီး ဝယ်တာ​တောင် အစုအဖွဲ့တဦးချင်းစီကို $100
    က​တော့ မတက်နိုင်ဘူးဗျ ရှင်းရှင်း​ပြောရရင်

    ReplyDelete
  55. To cutting down militant group by buying the NUG's bond.

    ReplyDelete
  56. အရေးတော်ပုံ အမြန်အောင်ဖို့
    NUG bond ကို
    ဝယ်ပေးကြပါစို့

    ReplyDelete
  57. အဆုံးသတ်တိုက်ပွဲ💪

    ReplyDelete
  58. ပြည်သူ​တွေBondဝယ်တာစစ်အာဏာရှင်​တွေဖြုတ်ချဖို့အတွက်အဓိကဘဲ..၂နှစ်ပြည့်ပြီးလည်း​ငွေပြန်မထုတ်ဘူး..ပြည်သူ​တွေပါဝင်ထားတဲ့ဒီ​ငွေနဲ့လက်နက်ဝယ်ပြီးစစိ​ကောင်စီကိုတိုက်ထုတ်​စေချင်တာအားလုံး​မျှော်လင့်ချက်..

    ReplyDelete
  59. မြန်မြန်အောင်ပွဲရဖို့များများကလစ်ကြစို့။

    ReplyDelete
  60. နုကြည်အောင်မြင်ပါစေ

    ReplyDelete
Previous Post Next Post