SLIENT STRIKE 3

  


 

❝ ငါတို့မြို့ကို ငါတို့ပိုင်တယ်
ငါတို့ငြိမ်ချင် ငြိမ်မယ်
ငါတို့ လှုပ်ချင်လှုပ်မယ်❞

ဒါဟာ အသံတိတ်သပိတ် (𝐒𝐢𝐥𝐞𝐧𝐭 𝐒𝐭𝐫𝐢𝐤𝐞) ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းတလျှောက်လုံး တောင်းဆိုနေခဲ့၊ နေဆဲဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေးတွေဟာ ဒီနေ့ဒီချိန်ထိ ပျောက်ဆုံးနေရဆဲပါပဲ။ ဒီနေ့ရဲ့ တော်လှန်ရေးမှာ အထင်ရှားဆုံးအနေနဲ့ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာထုတ်ဖော်နေကြတဲ့ ပြည်သူတွေဟာ အသက်ပေး အဖိနှိပ်ခံနေရသေးတာဟာ အင်မတန်မှ တုန်လှုပ်နာကြည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။

▪️အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “ကမ္ဘာ့ လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။ ၁၉၉၁ ခု၊ ဒီဇင်ဘာ (၁၀) ရက်နေ့ (𝟏𝟎𝐃) မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် (နဝတ) စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ထိုနှစ်ရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်” ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း စစ်အာဏာရှင်တွေကတော့ လက်နက်အားကိုး၊ အကြမ်းဖက်ဖြိုခွဲခဲ့ကာ ကျောင်းသားလူငယ်ပေါင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီ (𝟏𝟎𝐃) လှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။

▪️ယနေ့အချိန်ထိ ချိုးဖောက်ခံနေရတဲ့ ကျွန်တော်တို့ရဲ့ လူ့အခွင့်ရေးအတွက်၊ ကျွန်တော်တို့ကို ဖိနှိပ်ထားတဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့အတွက် လာမယ့် (𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 𝟭𝟬, 𝟮𝟬𝟮𝟭) မှာ တိတ်ဆိတ်မှုနဲ့ တော်လှန်မယ့် 𝐒𝐢𝐥𝐞𝐧𝐭 𝐒𝐭𝐫𝐢𝐤𝐞 - တိတ်ဆိတ်ငြိမ်သက်ခြင်းပိတ်" ပြုလုပ်ကြမှာဖြစ်ပါတယ်။

▪️ဘာ​တွေလုပ်ကြမလဲ...။
- ၁၀ ရက်​နေ့ (မနက် ၁၀ နာရီ မှ ည​နေ ၄ နာရီအထိ) ကားမရှိ၊ လူမရှိ၊ စျေးတွေမဖွင့်၊ ဆိုင်​တွေမဖွင့်ပဲ ​နေကြမယ်။
- "လူ့အခွင့်အရေးမရှိ ၊ အလုပ်သမားအခွင့်အရေး မရှိ လွတ်လပ်ခွင့်မရှိ အ​မှောင်အတိ ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ငါတို့ ဘဝတွေကို ကိုယ်စားပြုတဲ့" အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် " တော်လှန်"ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြမယ်။

❝ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ❞
တိတ်ဆိတ်ခြင်းရဲ့ အကျယ်​လောင်ဆုံး ဟစ်​ကြွေးသံကို အာဏာရူး​တွေ ဆက်ဆက်ကြား​စေရမယ်။

𝗦𝗶𝗹𝗲𝗻𝗰𝗲 𝘀𝗵𝗮𝗹𝗹 𝗯𝗲 𝗼𝘂𝗿 𝗹𝗼𝘂𝗱𝗲𝘀𝘁 𝗪𝗔𝗥 𝗖𝗥𝗬!

#OurCity #OurRules
#SilentStrike
#10DMovement
#RejectMilitaryCoup
#WhatshapeninginMyanmar

92 Comments

  1. Replies
    1. မှန်တာကိုလုပ်ရတာဟာ အမှားကိုလုပ်ရတာထက် အင်မတန်မှခက်ပါတယ် ဒါပေမယ့်လည်း နောက်ဆုံးကျတော့ အမှန်လုပ်တဲ့သူသာ အောင်မြင်မှာပါ

      Delete
  2. Ready for it.
    we own our township, our country,

    ReplyDelete
  3. Everyday this is my responsibility, Not straw fire ❤❤❤❤❤

    ReplyDelete
  4. The man who moves a mountain begins by carrying away small stones.
    * Confucius*

    ReplyDelete
  5. link အသစ်ကို clickနိင်ခဲ့ပီ😁

    ReplyDelete
    Replies
    1. ဆိတ်သုန်းနေတဲ့လူ့ခွင့်​ေတာ်လှန်ရေးနဲ့သိမ်းပိုင်မရ်

      Delete
  6. ငါတို့ အချင်းချင်း ချစ်ကြပြီး (ဖေးမ) ကြမှာကို သူတို့က ကြောက်ကြတယ်။ ဘာလို့လည်းဆိုတော့ တစ်ဦးနဲ့ တစ်ဦး ချစ်ခင် (ဖေးမ) ခြင်းကနေ သူတို့ မထိန်းချုပ်နိုင်တဲ့ ကမ္ဘာတစ်ခုကို ဖန်တီး နိုင်လို့ပါပဲ။

    ReplyDelete
  7. ဘာပဲဖြစ်ဖြစ် အဆင်သင့်ပဲ အသက်လည်းမနှမြောတော့ဘူး အာဏာရှင်မကျဆုံးသရွေ့ အသက်ရှင်နေရတာ အလကားပဲ။ လိုအပ်ရင် တောင်ဆိတ်ကြီးတာဝန် ခံယူမယ်

    ReplyDelete
  8. နှိပ်ပြီးပါဗြီ.....

    ReplyDelete
  9. 10Dec လူထုလှုပ်ရှားမှု လူတိုင်းပါဝင်ကြရန်✊❤️

    ReplyDelete
  10. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်
    မနက်ဖြန်silent strike အိမ်ထဲမှာပဲနေပြီးသပိတ်လုပ်မယ်clickတွေအပီအပြင်ပိုပြီးဝုန်းမယ်💪💪

    ReplyDelete
  11. 🤝Done
    အရေးတော်ပုံနိင်ကိုနိင်ရမည်

    ReplyDelete
  12. Done
    🧕🧕🧕🧕🧕🧕💪💪💪

    ReplyDelete
  13. 😁😁တော်တော်ဝင်လိုက်ရတယ်

    ReplyDelete
  14. အားလုံး ပူး​ပေါင်းပါဝင်ကြမယ်
    ကျ​​နော်တို့ က​လေးမြို့​​တော့ ​ဘောမက​လေး​တွေ တက်​နေတဲ့ ​ကျောင်း​တောင် ပိတ်သဗျာ

    ReplyDelete
  15. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  16. ငါတို့မြို့ ငါတို့ပိုင်တယ်

    ReplyDelete
  17. ဒီနေ့ဖုန်းကလစ်နေတယ်မင်မင်

    ReplyDelete
  18. “ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ”

    ReplyDelete
  19. အားလုံး ပူး​ပေါင်းပါဝင်ကြမယ်

    ReplyDelete
  20. ကလစ်တချက်နဲ့ ​ခွေးသတ်ကြမယ်

    ReplyDelete
  21. We will fight till the end 💪🏽. We must win!

    ReplyDelete
  22. 👌 I also consist of silent strike.💪💪💪

    ReplyDelete
  23. ရွှေရောင်အနာဂတ်အတွက်

    ReplyDelete
  24. ဆိုင်းလန့်💪

    ReplyDelete
  25. နေ့တိုင်းကလစ်ကျပါ ကျနော်ဆို စသိကထဲက၁ရက်မှမပျတ်ဘူး ကလစ်တာ

    ReplyDelete
  26. အဆုံးထိတိုက်မယ်

    ReplyDelete
  27. ငါ့မနက်ဖန် ငါပိုင်တယ်

    ReplyDelete
  28. ငါတို့မြို့ ငါတို့ပိုင်တယ်💪💪💪

    ReplyDelete
  29. ငါတို့်မြို့ငါတို့ပိုင်တယ်
    ငါတို့ငြိမ်ရင်ငြိမ်မယ် ငါတို့လှုပ်ရင်လှုပ်မယ်

    ReplyDelete
  30. မီးကြိုးလာဖြတ်လဲကလစ်တယ်ကွာ

    ReplyDelete
  31. No retreat no surrender
    Our revolution must prevail

    ReplyDelete
  32. စိတ်ပျော်လည်း Click.
    စ်တ်မပျော်လည်း Click
    Click လို့ရတုန်း

    ReplyDelete
  33. I'll participate in silent strike.

    ReplyDelete
  34. Today ❤❤❤
    Silent. Strike
    Done Done Done
    We must win
    PPA❤❤❤

    ReplyDelete
  35. အရေးတော်ပုံအောင်ကိုအောင်တော့မည်

    ReplyDelete
  36. 🇹🇼🏴🏴🏴🇹🇼
    🖤🖤🖤🖤🖤

    ReplyDelete
  37. Believe you can...💪🍀❤️

    ReplyDelete
  38. အမြဲတမ်း ကလစ်တယ်အောင်နိုင်ခြင်းသည်လက်တကမ်းမှာ

    ReplyDelete
  39. အရေးတော်ပုံအမြန်အောင်မြင်ချင်ပြီဗျာ

    ReplyDelete
Previous Post Next Post